2/17/2020 ခုနှစ်တွင် အပ်ဒိတ် လုပ်ထားသည်
ယခုလို ခက်ခဲသောအချိန်တွင် မိမိကိုယ်ကို အထူးဂရုစိုက်ပါ။ တစ်ရက်တစ်လေ အေးအေးဆေးဆေး ဖြစ်နေသော်လည်း နောက်တစ်ရက်တွင် စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်းများ ခံစားရနိုင်ပါသည်။ ယင်းက ပုံမှန်ဖြစ်ပါသည်။
သင့်ကိုယ်စိတ်နှလုံး ကျန်းမာရေးကို စောင့်ရှောက်ရန်အတွက် နေ့စဥ်ပြုလုပ်ရမည့်အရာအချို့ကို အောက်တွင် ဖော်ပြထားပါသည်။
စိတ်ကျန်းမာရေး
- ခဏနားပြီး အသက်ပြင်းပြင်းရှူပါ။
- မိမိကိုယ်ကို ကြင်နာပါ။
- ဖန်သားပြင်ကြည့်ခြင်းမှ ပုံမှန် နားပါ။
- လိုအပ်ပါက တစ်ယောက်ထဲနေချိန် ရှာယူပါ။
- သင့်မိတ်ဆွေများ၊ အသိုင်းအ၀န်း နှင့် ဘာသာရေးအဖွဲ့အစည်းများနှင့် အွန်လိုင်းမှ ဆက်သွယ်ပါ။
- သဘာဝတရား ခံစားပါ။
- သင်ထိန်းချုပ်နိုင်သည်များ နှင့် သင်ထိန်းမချုပ်နိုင်သည်များကို အသိအမှတ်ပြုပါ။
အကယ်၍ စိတ်ပိုင်းဆိုင်ရာ နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အကူလိုအပ်ပါက ဘေးအန္တရာယ်ကင်းပြီး ခိုင်မာသည့် အကူအညီဖုန်းလိုင်း 800-923-4357 ကို ခေါ်ဆိုနိုင်ပါသည်
ကိုယ်ကျန်းမာရေး
- ပုံမှန်အချိန်စာရင်းတစ်ခု ထားရှိပါ။
- တစ်နေတာတလျှောက် ပုံမှန် စားသောက်ဖွယ်ရာများ နှင့် သွားရည်စာများ စားပြီး ရေသောက်ပါ။
- သင့်ခန္ဓာကိုယ်ကို လှုပ်ရှားပါ။
- လုံလောက်စွာအိပ်ပါ၊ သက်တောင့်သက်သာနေရန် အချိန်ယူပါ။
အကယ်၍ စိတ်ပိုင်းဆိုင်ရာ နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အကူလိုအပ်ပါက ဘေးအန္တရာယ်ကင်းပြီး ခိုင်မာသည့် အကူအညီဖုန်းလိုင်း 800-923-4357 ကို ခေါ်ဆိုနိုင်ပါသည်