Person at work on a car wheel wearing a mask4/15/2022 ခုနှစ်တွင် အပ်ဒိတ် လုပ်ထားသည်

သင့်တွင် COVID-19 ပိုးတွေ့ကြောင်း စစ်ဆေးတွေ့ရှိပါက သို့မဟုတ် ရောဂါလက္ခဏာများ ပြလာပါက အိမ်တွင်နေပါ။ သင့်အလုပ်ရှင်ကို သင်နေမကောင်း ဖြစ်နေကြောင်း ပြောပြပါ။ သင့်တွင် ၎င်းရောဂါရှိပါက ဆေးခွင့်ယူပါ။  မိမိကိုယ်ကို သီးခြားခွဲနေခြင်း လမ်းညွှန်ချက်များကို လိုက်နာပါ။


သင်အလုပ်ပြန်သွားနိုင်သည့် အချိန်မှာ- 

  • သင့်ရောဂါ လက္ခဏာများ စပြလာသည့်အချိန်မှ အနည်းဆုံး 5 ရက်ကြာသည့်အခါ သို့မဟုတ် သင့်တွင် ရောဂါလက္ခဏာ လုံးဝမပြပါက သင့်တွင် COVID ပိုးတွေ့ကြောင်း စစ်ဆေးတွေ့ရှိချိန်မှစ၍ 5 ရက်ကြာသည့်အခါ၊
  • သင်၏ COVID-19 ရောဂါလက္ခဏာများမှာ မပြင်းထန်ဘဲ နေပြန်ကောင်းလာပြီး သင့်အလုပ်တာဝန်များကို ထမ်းဆောင်ရန် အတန်အသင့် ကျန်းမာနေပြီဟု ခံစားရသည့်အချိန်၊ 
  • ကိုယ်ပူကျ ဆေး မသောက်ဘဲ လွန်ခဲ့သော 24 အတွင်း သင်မဖျားပါ၊ ထို့ပြင်
  • သင်သည် နောက်ထပ် 5 ရက်အတွင်း အခြားသူများအနီးတွင်ရှိသည့်အခါ မိမိနှင့်ကိုက်ညီသော နှာခေါင်းစည်းကို အချိန်ပြည့် ဝတ်ဆင်နိုင်ပါသည်

သင့်အလုပ်ရှင်သည် အိမ်တွင်နေရန် ဆရာဝန် ဆေးစာ တောင်းပါက သင့်ဆရာဝန်၊ ဆေးခန်း သို့မဟုတ် သင်ဆေးစစ်ခဲ့သော နေရာသို့ ဆက်သွယ်နိုင်ပါသည်။


အလုပ်ရှင်များသည် အလုပ်သမားများအား အလုပ်ပြန်ဆင်းခွင့်မပြုမီ ပိုးမတွေ့ကြောင်း ဆေးစစ်ချက်ကို တောင်းခံရန်မသင့်ပါ။


အောက်ဖော်ပြပါ အလုပ်ရှင်များနှင့် အလုပ်သမားများထံ ပေးစာသည် COVID-19 ရောဂါဖြစ်ပွားမှုများနှင့် အလုပ်ပြန်ဝင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များအတွက် ဤလမ်းညွှန်ချက်ကို ရှင်းပြပေးထားသည်။
ဇန်နဝါရီလ 21 ရက်၊ 2022 ခုနှစ်တွင် အလုပ်ရှင်များထံ ပေးစာ 
 

ကျွန်ုပ်၏ အလုပ်ရှင်ကို ပြောပြသင့်ပါသလား။

ပိုးစစ်ဆေးတွေ့ရှိပြီး လုပ်ငန်းခွင်တွင် အခြားသူများအနားတွင်ရှိခဲ့ဖူးသူများအနေဖြင့် အလုပ်ရှင် သို့မဟုတ် ကြီးကြပ်ရေးမှူးကို အကြောင်းကြားရန် တိုက်တွန်းအကြံပြုအပ်ပါသည်။ သင့် ကြီးကြပ်ရေးမှူး သို့မဟုတ် အလုပ်ရှင်ကို ခပ်စောစော အကြောင်းကြားခြင်းဖြင့် ကိုဗစ်-19 ပျံ့နှံ့မှုကို လျော့ချနိုင်ပါသည်။ လုပ်ငန်းခွင်တွင်း သင်နှင့်အတူရှိနေသောသူများကလည်း ဆေးစစ်ခံရန် သိရှိသွားကြပါလိမ့်မည်။

ကျွန်ုပ်၏ အလုပ်ရှင်က ကျွန်ုပ်တွင် ရောဂါပိုးရှိကြောင်း လုပ်ဖော်ကိုင်ဖက်များကို ပြောပြမည်လား။

အလုပ်ခွင်တွင်ကိုဗစ်-19 နှင့် ထိတွေ့မိပါက အလုပ်သမားများကို အလုပ်ရှင်များက ပြောပြရန် လိုအပ်ပါသည်။

မသန်စွမ်းမှုရှိသော အမေရိကန်လူမျိုးများ အက်ဥပဒေ(အေဒီအေ (ADA) အရ သင့်အမည် သို့မဟုတ် တစ်ကိုယ်ရေ အချက်အလက်များကို ထုတ်ဖော်ခွင့်မရှိပါ။

ကျွန်ုပ်၏ အလုပ်ရှင်က ကိုဗစ်-19 ရောဂါလက္ခဏာများအကြောင်း မေးမည်လား။

ကပ်ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်း အလုပ်ရှင်များက အလုပ်သမားများတွင် ရောဂါလက္ခဏာများ ကြုံတွေ့ရမှုရှိမရှိ မေးမြန်းနိုင်ပါသည်။

သူတို့က အလုပ်သမားများ နေထိုင်မကောင်းမှုအကြောင်း အချက်အလက်များကို ADA နှင့်အညီ လျှို့ဝှက်ကျန်းမာရေးမှတ်တမ်းထားပြီး ထိန်းသိမ်းထားရပါမည်။

လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး

သင့်လုပ်ငန်းခွင်တွင်ရှိသော အန္တရာယ်များကို တိုင်တန်းရန် အော်ရီဂွန် အိုအက်စ်အိတ်ချ်အေ (OSHA) သို့ ဆက်သွယ်ပါ။ 503-229-5910 သို့ ဖုန်းခေါ်ဆိုပါ သို့မဟုတ် {osha.oregon.gov/workersသို့သွားပါ။

သင့်တွင် ကိုဗစ်-19 ရှိကြောင်း သင့်အလုပ်ရှင်ကို ပြောပြပြီးချိန်တွင် သင့်ကို မတရားဆက်ဆံသည်ဟု သင်ထင်ပါက အော်ရီဂွန် အလုပ်သမား နှင့် လုပ်ငန်း ဗျူရို (BOLI) သို့ ဆက်သွယ်ပါ။ 971-673-0761 သို့ ဖုန်းဆက်ပါ သို့မဟုတ် help@boli.state.or.us ထံသို့ အီးမေးလ်ပို့ပါ။

နာမကျန်းခွင့် ရွေးချယ်စရာများ

  • လစာဖြင့် နာမကျန်းခွင့် - အော်ရီဂွန် ဥပဒေက အချိန်ပိုင်းလုပ်သားများ အပါအ၀င် အလုပ်သမား အားလုံးကို နာမကျန်းခွင့် ပေးထားပါသည်။ သင့်အလုပ်ရှင်တွင် အလုပ်သမား 10 ယောက် နှင့် အထက် (ပို့တ်လန်းတွင် 6 ယောက်နှင့် အထက်) ရှိပါက ၄င်းကို သင်ရရှိပါလိမ့်မည်။
  • အမေရိကန်ပြည်ထောင်စုမှ ကိုဗစ် - 19 ကပ်ရောဂါကာလအတောအတွင်း မရှိမဖြစ် အကာအကွယ်များဆိုင်ရာ အချက်အလက်များ။ အလုပ်သမားရေးရာဌာန
  • ကွာရန်တင်းစောင့်ကြည့်စဉ်နှင့် သီးသန့်ခွဲထုတ်နေထိုင်စဉ်အတောအတွင်း အိမ်၌နေထိုင်ရာတွင် အကူအညီ သင်လိုအပ်ပါက 211 ကို ခေါ်ဆိုပါ။