drive-up COVID-19 testing at East County Health Center  5/20/2022

ကိုဗစ်-19 ပိုးရှိမရှိ စစ်ဆေးခြင်း

သင့်တွင် ကိုဗစ်-19 ရောဂါလက္ခဏာများ ရှိနေလျှင် သို့မဟုတ် သင်သည် ကိုဗစ်-19 ရှိနေသူတစ်ယောက်၏ အနီးကပ်ထိတွေ့မိသူ တစ်ယောက်ဖြစ်ခဲ့လျှင် ဆေးစစ်ခံသင့်ပါသည်။ အနီးကပ်ထိတွေ့မိသူ  ဆိုသည်မှာ နှာခေါင်းစည်း ဝတ်လျက်ဖြစ်စေ မဝတ်လျက်ဖြစ်စေ လူတစ်ယောက်နှင့် 6 ပေအတွင်းတွင် တစ်နေလုံးစုစုပေါင်း 15 မိနစ် သို့မဟုတ် ယင်းထက်ပိုကြာအောင် ရှိနေသောသူကို ဆိုလိုပါသည်။

သင်သည် ကိုဗစ်-19 ရှိသူတစ်ယောက်နှင့် ထိတွေ့မိသဖြင့် ဆေးစစ်ခံလျှင် အတူရှိနေခဲ့ချိန်  နောက်ပိုင်း  အနည်းဆုံး 5 ရက်ကျော်မှ ဆေးစစ်သင့်ပါသည်။ ချက်ချင်းစစ်လိုက်ပါက စစ်ဆေးမှု အလကား ဖြစ်သွားနိုင်ပါသည်။ သင့်တွင် ရောဂါလက္ခဏာများ ရှိနေလျှင် စောင့်ဆိုင်းနေချိန်အတွင်း အိမ်တွင်နေပြီး အခြားသူများနှင့် ဝေးဝေးနေပါ။

သင့်ဆရာ၀န်၏ ရုံး သို့မဟုတ် ဆေးခန်းတွင် စစ်ဆေးခံနိုင်ပါသည်။ သင့်ထံတွင်ဆရာဝန်တစ်ဦးမရှိပါက လူထု စစ်ဆေးရာနေရာများတွင် စစ်ဆေးခံနိုင်ပါသည်။ 

လူထု စစ်ဆေးရာနေရာများ

ရောဂါလက္ခဏာရှိသောသူများ သို့မဟုတ် လတ်တလော ကိုဗစ်-19 ရှိသောသူများနှင့် ထိတွေ့မိသူများအတွက် ချိန်းဆို ဆေးစစ်မှုအတွက် ကုန်ကျစရိတ်မဲ့ စစ်ဆေးပေးနေပါသည်။ 

ချိန်းဆိုရန် သို့မဟုတ် အချက်အလက်များ ပိုမိုသိရှိလိုပါက 503-988-8939 သို့ဖုန်းဆက်ပါ။ စကားပြန်များ ရရှိနိုင်ပါသည်။

အိုအိတ်ချ်အက်စ်ယူ (OHSU) ပိုးစစ်ဆေးသည့်နေရာများ

တည်နေရာများ နှင့် ထပ်ဆောင်းအချက်အလက်များကို ရရှိလိုပါက ဖုန်းနံပါတ် 833-647-8222 ကို ခေါ်ဆိုပါ သို့မဟုတ် OHSU ၏ ၀က်ဘ်ဆိုက်ဒ် ကို လေ့လာပါ။ 

အိမ်တွင် ပိုးစစ်ဆေးခြင်းများ

အခမဲ့၊ အိမ်၌ စစ်ဆေးမှုများရယူရန် USPS ထံ သင်မှာကြားနိုင်ပါသည်။ ၎င်းတို့က နေအိမ်လိပ်စာတစ်ခုလျှင် စစ်ဆေးမှု 4 ခု ပေးပို့မည်ဖြစ်ပါသည်။ စစ်ဆေးမှုများ မှာကြားရာတွင် အကူအညီ သင်လိုအပ်ပါက နိုင်ငံ၏ ကိုဗစ် - 19 ဆိုင်ရာ ဖုန်းခေါ်ဆိုရေးစင်တာသို့ ဖုန်းနံပါတ် 503-988-8939 တွင် သင်ခေါ်ဆိုနိုင်ပါသည်။

အိမ်တွင်း ကိုယ်တိုင်စစ်ဆေးမှုများကို အွန်လိုင်း သို့မဟုတ် ဒေသန္တရ ဆေးဆိုင်များ၊ ဆေးစတိုးဆိုင်များ သို့မဟုတ် ကုန်စုံဆိုင်အတော်များများတွင် ဝယ်ယူနိုင်ပါသည်။

မိမိကိုယ်တိုင် စစ်ဆေးမှုကို အသုံးပြုရန် နည်းလမ်း

အတိကျဆုံး ရလဒ်များအတွက် COVID ကူးစက်မှု ဖြစ်ပြီးနောက် 5 ရက်တွင် သို့မဟုတ် သင်၏ ပထမဆုံး ဖျားနာမှု သို့မဟုတ် ရောဂါလက္ခဏာများ ရှိပြီးနောက် ပထမဆုံး ရက်အနည်းငယ်အတွင်း စစ်ဆေးမှုခံယူရမည်။ စစ်ဆေးမှုကို အသုံးမပြုခင် ထုတ်လုပ်သူ၏ ညွှန်ကြားချက်အပြည့်အစုံကို ဖတ်ရှုပါ။ စစ်ဆေးမှု သို့မဟုတ် သင်၏အဖြေများနှင့်ပတ်သက်၍ မေးခွန်းများ သင့်ထံတွင်ရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သူတစ်ဦးနှင့် စကားပြောဆိုပါ။

နောက်ထပ် အချက်အလက်-

ဆေးစစ်ခြင်း၊ လူ၀င်မှု အခြေအနေ နှင့် အစိုးရစရိတ်

  • ကျွန်ုပ်တို့၏ အသိုင်းအ၀န်း စစ်ဆေးနေရာများတွင် စစ်ဆေးခံရန်အတွက် မော်နိုမာ ကောင်တီတွင် နေထိုင်သူ သိုမ့ဟုတ် ကျန်းမာရေးအာမခံ ရှိရန် မလိုပါ။
  • သင့် လူ၀င်မှုအခြေအနေသည် မည်သို့ပင်ဖြစ်စေကာမူ ဆေးစစ်ခံနိုင်ပါသည်။ 
  • ကျွန်ုပ်တို့က သင့်အချက်အလက်များကို ဥပဒေတင်းကျပ်ရေး သို့မဟုတ် လူ၀င်မှုကြီးကြပ်ရေး အရာရှိများကို ပြောပြမည် မဟုတ်ပါ။

လူ၀င်မှု နှင့် အကောက်ခွန် တင်းကျပ်ရေးဌာနများတွင် ဆေးရုံများ၊ ဆရာ၀န်၏ ရုံးခန်း၊ ကျန်းမာရေးဆေးခန်း၊ နှင့် အရေးပေါ် သို့မဟုတ် လက်ငင်းစောင့်ရှောက်မှု ဌာနများ ကဲ့သို့သော ကျန်းမာရေးဌာနများထဲတွင် ဖမ်းဆီးခြင်းကို ရှောင်ရှားရမည့် မူဝါဒတစ်ခုရှိပါသည်။

သင်သည် ကိုဗစ်-19 အတွက် ကုသမှု နှင့် ၀န်ဆောင်မှုများ ရယူခဲ့ပါက သင်လျှောက်ထားသော အမေရိကန်ပြည်ထောင်စုအတွင်း အမြဲတမ်းနေထိုင်ခွင့်အပေါ်တွင် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပါ။ အစိုးရ စရိတ် အကြောင်းကို ရှာဖတ်ပါ။

သင်ဆေးစစ်မှု ခံယူပြီးလျှင်

သင့်ထံတွင် ကိုဗစ် - 19 ရောဂါပိုးစစ်ဆေးတွေ့ရှိပါက -

အဆင့် 1 - အိမ်တွင်နေပြီး သင်နှင့်အတူနေတူများအပါအ၀င် အခြားသူများထံမှ ဝေးရာတွင်နေပါ။ 

  • သင့်တွင် ရောဂါလက္ခဏာများရှိရှိမရှိရှိ အနည်းဆုံး 5 ရက်အိမ်တွင်နေပြီး အခြားသူများနှင့် ခွဲနေပါ (သီးခြားခွဲနေခြင်း)။
  • 5 ရက်ကျော်ပြီးနောက် အဖျားကျဆေး သောက်စရာမလိုဘဲ သင့်ထံတွင် အနည်းဆုံး 24 နာရီကြာ အဖျားမရှိပါက နှင့် ရောဂါသွင်ပြင်လက္ခဏာများမရှိပါက သို့မဟုတ် တိုးတက်ကောင်းမွန်လာသည့် ခပ်ပျော့ပျော့ ရောဂါသွင်ပြင်လက္ခဏာများသာ ရှိပါက အိမ်မှ သင်ထွက်ခွာနိုင်ပါသည်။ 
  • အခြားသူများ ပတ်လည်တွင်ရှိနေစဉ်၊ အိမ်တွင် နှင့် အလုပ်ခွင်တွင် နှာခေါင်းစည်းကိုနောက်ထပ် 5 ရက်ကြာ စနစ်တကျ ဆက်လက်ဝတ်ဆင်ပါ။

အဆင့် 2 - သင့်တွင် ပိုးစစ်ဆေးတွေ့ရှိလျှင် အနီးကပ်ထိတွေ့မိသူများကို ချက်ချင်းပြောပြပါ။ အခြားသူများအနားရှိနေချိန်တွင် နှာခေါင်းပါးစပ်စည်းတပ်ခြင်း နှင့် ဆေးစစ်ခံခြင်းတို့ဖြင့် ကိုဗစ်-19 ပျံ့နှံ့ခြင်းကို လျော့ချပေးနိုင်ပါသည်။  “အနီးကပ်ထိတွေ့မိသူ”  ဆိုသည်မှာ နှာခေါင်းပါးစပ်စည်း ဝတ်ထားထားမထားထား သင့်အနားတွင် တစ်နေ့တာအတွင်း 15 မိနစ်ခန့်ရှိနေသောသူကို ဆိုလိုပါသည်။

  • သင့်တွင် ရောဂါလက္ခဏာများ ရှိပါက - သင်၏ ရောဂါလက္ခဏာများ မစတင်မီ 2 ရက် မှစ၍ သင်နှင့်အနီးကပ်ထိတွေ့သူများကို ဆက်သွယ်ပါ။
  • သင့်တွင် ရောဂါလက္ခဏာများ မရှိပါက - သင် ကိုဗစ်-19 ရောဂါပိုးဆေးစစ်မှုကို မပြုလုပ်မီ 2 ရက်မှ စတင်၍ သင်နှင့်အနီးကပ်ထိတွေ့ခဲ့သူများကို ဆက်သွယ်ပါ။
  ၎င်းနှင့်ပတ်သက်ပြီး မေးမြန်းလိုသည်များ ရှိလျှင် သင့်ဆရာဝန်၊ 211 ကို ဖုန်းဆက်ပါ သို့မဟုတ် ကောင်တီဝက်ဘ်ဆိုက်ဒ်ကို ဝင်ကြည့်ပါ။

အဆင့် 3 - လိုအပ်ပါက အကူအညီ ရယူပါ။ အိမ်တွင်နေထိုင်ရေးအတွက် အကူအညီ သင်လိုအပ်ပါက 2-1-1 ကို ခေါ်ဆိုပါ။ သူတို့က သင်လိုအပ်သည့် အရင်းအမြစ်များ (စျေး၀ယ်ခြင်း၊ ငွေရေးကြေးရေးအထောက်အပံ့၊ အိမ်ငှားခ အကူအညီ၊ အခြား မရှိမဖြစ်အရာများ) ကို သင်ရရှိအောင် ကူညီပေးနိုင်စွမ်း ရှိနိုင်ပါသည်။
 

သင့်တွင် ကိုဗစ်-19 ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိပါက -

သင်နေမကောင်းပါက စစ်ဆေးရာတွင် ပိုးမတွေ့လျှင်လည်း နေကောင်းသည်အထိ အိမ်တွင်နေပြီး အခြားသူများနှင့် ဝေးဝေးနေပါ။

သင်သည် ကိုဗစ်-19 ရှိသောသူနှင့် အနီးကပ်ထိတွေ့သူ   ဖြစ်လျှင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး အခြားသူများကိုလည်း ကူးစက်နိုင်ပါသေးသည်။ သင်သည် ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် တစ်ချို့သော အုပ်စုလိုက်နေထိုင်သောနေရာများကဲ့သို့သော  အန္တရာယ်များသောနေရာများ တွင် နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း မဟုတ်လျှင် သီးသန့်ခွဲခြားနေထိုင်ရန် မလိုပါ။

  • နောက်ဆုံးထိတွေ့မိသည့်အချိန်မှ 10 ရက်အထိ လက္ခဏာများကို စောင့်ကြည့်ပါ။ သင်ဘယ်ကိုသွားမည်၊ ဘယ်သူတွေနဲ့အတူရှိမည်ကို စဉ်းစားပါ။ 10 ရက်ကြာ အခြားသူများနှင့် ဝေးဝေးနေခြင်း သို့မဟုတ် နှာခေါင်းပါးစပ်စည်း ဝတ်ဆင်ထားခြင်းဖြင့် ကိုဗစ်-19 ပြင်းထန်ရောဂါဖြစ်နိုင်သောသူများကို ဆက်လက်ကာကွယ်ပေးနိုင်ပါမည်။
  • သင်သည် အိမ်တွင်စစ်ဆေးပါက၊ နောက် 1-2 ရက်ကြာလျှင် သင့်ပုံမှန် ကျန်းမာရေး စောင့်ရှောက်သူ သို့မဟုတ် နောက်ထပ်အိမ်တွင်စစ်ဆေးမှုတစ်ခုဖြင့် ကိုဗစ်-19 စစ်ဆေးမှုကို ထပ်မံလုပ်ဆောင်နိုင်ပါသည်။

ဤလမ်းညွှန်များက အထွေထွေ ပြည်သူလူထုအတွက် အကျုံးဝင်သက်ရောက်ပါသည်။ ခိုလှုံရာနေရာများ၊ ပြုပြင်ရေး အဆင်အပြင်များ၊ လူအများ နီးနီးကပ်ကပ် အတူနေထိုင်သည့် ပြုပြင်ရေး အဆင်အပြင်များ သို့မဟုတ် အချို့သော စောင့်ရှောက်ရေးအဆင်အပြင်များတွင် နေထိုင် သို့မဟုတ် အလုပ်လုပ်သူများ။ အဆိုပါအဆင်အပြင်များတွင်း သီးသန့်ခွဲထုတ်နေထိုင်ခြင်း နှင့် ကွာရန်တင်းစောင့်ကြည့်ခြင်းဆိုင်ရာ လမ်းညွှန်များသည် 10 - 14 ရက်အထိ ဖြစ်ပါသည်။

သင်ကိုယ်တိုင် နှင့် အခြားသူများကို ဆက်လက်ကာကွယ်ပါ၊ နေမကောင်းလျှင် အိမ်တွင်နေပါ၊ 6 ပေအကွာတွင်နေပါ၊ လက်မကြာခဏဆေးပါ။

သင့်တွင် ကိုဗစ်-19 ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိပါက

သင်သည် ကိုဗစ်-19 ရှိသူတစ်ယောက်ယောက်နှင့် ရှိနေပါက သူတို့နှင့်အတူရှိနေသည့် ရက်မှ 14 ရက်ကြာသည့်အထိ အိမ်တွင်နေပါ--ယင်းကို ကွာရန်တင်းစောင့်ကြည့်ခြင်း ဟုခေါ်ပါသည်။ အိမ်တွင်နေခြင်း နှင့် သင်နှင့်အတူမနေသောသူများနှင့် 14 ရက်ကြာ ဝေးဝေးနေခြင်းသည် အခြားသူများထံသို့ ကိုဗစ်-19 မပျံ့စေရန် ကာကွယ်နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

သင့်တွင် ရောဂါလက္ခဏာမရှိပါက --ရေရှည် စောင့်ရှောက်ရေးဌာနတစ်ခု ကဲ့သိုသော-- အုပ်စုလိုက်နေထိုင်သည့် အဆင်အပြင်တစ်ခုအတွင်း အလုပ်မလုပ်ပါက သို့မဟုတ် အချိန်မသုံးရပါက 10 ရက်အကြာတွင် ကွာရန်တင်းစောင့်ကြည့်မှုကို အဆုံးသတ်နိုင်ပါသည်။ ရောဂါပြင်းထန်စွာခံစားရနိုင်ချေရှိသူများနှင့် နေထိုင်ပါက 14 ရက်အပြည့် ကွာရန်တင်းစောင့်ကြည့်မှု ခံယူပါ။ ရောဂါလက္ခဏာများ ပေါ်ထွန်းလာပါက သင့်ဆရာ၀န်ထံသို့ ဖုန်းဆက်ပါ။

သင်နှင့် အခြားသူများကို ဆက်လက်ကာကွယ်ပါ - နှာခေါင်းစည်း ၀တ်ဆင်ပါ၊ 6 ပေအကွာတွင်နေပါ၊ သင့်လက်များကို မကြာခဏဆေးပါ။