woman wearing a cloth face covering shops for produce

5/20/2022

ကိုဗစ်-19 ဘေးမှ အသိုင်းအဝိုင်းကို ကာကွယ်ရန် နှာခေါင်းပါးစပ်စည်း နှင့် ကာကွယ်ဆေးများသည် အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။ ပြည်နယ်အဝှမ်း နှာခေါင်းပါးစပ်စည်း  လိုအပ်ချက်  ကို မတ်လ 12၊ 2022 တွင် ပယ်ဖျက်လိုက်သော်လည်း လူများနေရာများ၌ နှာခေါင်းပါးစပ်စည်းဝတ်ဆင်ခြင်းသည် ကိုဗစ်-19 ပျံ့နှံ့မှုကို လျော့ချပေးနိုင်သော လက်နက်တစ်ခုဖြစ်နေပါသေးသည်။    

အသက် 2 နှစ်အောက်ကလေးများ သို့မဟုတ် မိမိကိုယ်တိုင် မျက်နှာအကာကို မဖယ်ရှားနိုင်သောသူများ မျက်နှာအကာများကို မဝတ်ဆင်သင့်ပါ။

အချို့သော နေရာများတွင် နှာခေါင်းပါးစပ်စည်းများ ဆက်ဝတ်ဆင်ဖို့လိုပါမည်။

  • ဆေးရုံများ၊ ရေရှည် စောင့်ရှောက်ရေးဌာနများ၊ ဆေးခန်းများ နှင့် ဆရာဝန်ရုံးခန်းများ ကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအဆင်အပြင်များ
  • အရွယ်ရောက်ပြီးသူ နှင့် လူငယ် ထိန်းသိမ်းရေး ဌာနများ
  • ခိုလှုံရေး နှင့် အကူးအပြောင်းကာလ ဂေဟာများ

ဘက်စ်ကားများ၊ MAX နှင့် လေကြောင်း သွားလာမှု အပါအဝင် အများသုံး သယ်ယူပို့ဆောင်ရေးတွင်၊

  • ကိုယ်ခံအားနည်းသူများ သို့မဟုတ် ကိုယ်ခံအားနည်းသော တစ်စုံတစ်ယောက်နှင့်အတူ နေထိုင်သူများအတွက် နှာခေါင်းစည်းများကို အထူး အကြံပြုထားပါသည်။
  • အသက် 5 နှစ်အောက် ကလေးများ အပါအဝင် ကာကွယ်ဆေးထိုးမထားသူများကို ကာကွယ်ရန် နည်းလမ်းတစ်ခုအဖြစ် လူတိုင်းအတွက် နှာခေါင်းစည်းများကို တိုက်တွန်းအပ်ပါသည်။

သင့်တွင် ကိုဗစ်-19 ဖြစ်နေလျှင် အိမ်တွင် အနည်းဆုံး 5 ရက် သီးခြားနေ (အခြားသူများ နှင့် ခွဲနေ)သင့်ပြီး လူများရှိသောနေရာတွင် နောက်ထပ် 5 ရက်ခန့် နှာခေါင်းပါးစပ်စည်း ဝတ်ဆင်သင့်ပါသည်။  အသွားအလာကန့်သတ်ခြင်း နှင့် သီးခြားခွဲနေခြင်းဆိုင်ရာ လမ်းညွှန်ချက်များကိုလိုက်နာပါ။

ကျောင်းများ၊ အဖွဲ့အစည်းများ နှင့် စီးပွားရေးလုပ်ငန်းများသည် နှာခေါင်းပါးစပ်စည်း လိုအပ်ချက်များကို ဆက်ထားရန် ရွေးချယ်နိုင်ပါသည်။   ပြင်ဆင်ထားပါ။ အပြင်ထွက်ချိန်တွင် လိုအပ်လျှင်သုံးနိုင်ရန် နှာခေါင်းပါးစပ်စည်းကို ဆောင်ထားပါ။

နှာခေါင်းစည်းတစ်ခု ရွေးချယ်ခြင်း

မျက်နှာ အကာအကွယ်များက ပုံစံပေါင်းမြောက်များစွာ လာပါသည်။ ယုံကြည်ရသည့် ရင်းမြစ်တစ်ခုမှ N95၊ KN95 နှင့် KF94 အသက်ရှူအားကူပေးသည့် နှာခေါင်းစည်းတစ်ခုကို သုံးရန်စဉ်းစားပါ။ သို့ပါသော်လည်း တစ်ခါသုံး ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း သို့မဟုတ် အဝတ်နှာခေါင်းစည်းများကဲ့သို့သော အခြားရွေးချယ်စရာများလည်း ရှိပါသည်။

နှာခေါင်းစည်းတစ်ခုကို ရွေးချယ်ပြီး ဝတ်ဆင်ရာတွင် အာရုံစိုက်ရမည့် အရေးအကြီးဆုံးအရာနှစ်ခုမှာ -

  • သင်၏ အသက်ရှူလမ်းကြောင်းမှ အရည်စက်များကို နှာခေါင်းစည်းတွင်း၌ရှိစေပြီး အခြားအရာများကို နှာခေါင်းစည်းပြင်ပ၌ရှိအောင်ထားပေးရန် အလွှာအထပ်ထပ်ပါသည့် နှာခေါင်းစည်းတစ်ခုကိုရွေးယူပါ။  အလွှာများပါရှိသည့် နှာခေါင်းစည်းတစ်ခုက သင်နေထိုင်မကောင်းဖြစ်နေပါက အသက်ရှူလမ်းကြောင်းမှ အရည်စက်များ သင်၏နှာခေါင်းစည်းအတွင်းဖက်ပိုင်းသို့ ပိုမိုရောက်ရှိခြင်း သို့မဟုတ် သင်၏နှာခေါင်းစည်းတွင်းမှ လွတ်ထွက်သွားခြင်းကို ရပ်တန့်ပေးမည် ဖြစ်ပါသည်။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ခုအပေါ်တွင် အဝတ်နှာခေါင်းစည်းတစ်ခုကို သင်ဝတ်ဆင်နိုင်ပါသည်။
  • သင့်နှာခေါင်းစည်းက သင့်မျက်နှာတွင် တင်းတင်းကျပ်ကျပ် အံဝင်ခွင်ကျဖြစ်ကြောင်း သေချာအောင်လုပ်ပါ။  ဟနေသည့်နေရာများက လေနှင့်အတူ အသက်ရှူလမ်းကြောင်းမှ အရည်စက်များကို နှာခေါင်းစည်း၏ အစွန်များပတ်လည်မှ အပြင်ဖက် နှင့် အတွင်းဖက်သို့ ယိုစိမ့်ထွက်စေနိုင်ပါသည်။
 

ခွဲခြားဆက်ဆံခြင်းသည် ဥပဒေနှင့် ဆန့်ကျင်ပါသည်

အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုတို့သည့် လူမဲများ၊ ဌာနေတိုင်းရင်းသားများ နှင့် အသားအရောင်ရှိသော လူမှုအဖွဲ့အစည်းများအတွက် နေ့စဉ်အတွေ့အကြုံတစ်ခုဖြစ်ပါသည်။ လူမဲများ၊ ဌာနေတိုင်းရင်းသားများ နှင့် အသားအရောင်ရှိသူများ နှာခေါင်းစည်း အကာအကွယ်များ ဝတ်ဆင်ခြင်းနှင့် ပတ်သက်၍ လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေးခွဲခြားသည့် ဆောင်ရွက်ချက်များသည် ကျွန်ုပ်တို့၏ လက်ရှိပတ်ဝန်းကျင်ရှိ အမှန်တရားတစ်ခုဖြစ်ပါသည်။ နှာခေါင်းစည်းများက လူအများ ကျန်းမာအောင် နေထိုင်ရန် ကူညီပေးနိုင်ပြီး အသက်များကို ကယ်တင်နိုင်သေးကြောင်း ကျွန်ုပ်တို့ သိရှိပါသည်။ မော်နိုမာကောင်တီက လူပုဂ္ဂိုလ်များအား ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် မည်သည်မည်ဝါဖြစ်ကြောင်း အထောက်အထားကြောင့် အကြမ်းဖက်ခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းကို သည်းညည်းမခံပါ

လှူဒါန်းရန်

မော်နိုမာကောင်တီသည် အဝတ်စ မျက်နှာကာများနှင့် ဆေးဖက်ဆိုင်ရာ နှာခေါင်းစည်းများအတွက် အလှူငွေများ လက်ခံလျက် ရှိပါသည်။