body { font-family: 'Padauk', sans-serif; }

gramma and grandaughter together washing hands2/17/2022

ကျွန်ုပ်တို့ အများစုသည် မိသားစု၊ မိတ်ဆွေ သို့မဟုတ် အခန်းဖော်များ သို့မဟုတ် ကလေးများ၊ အဘိုးအဘွား၊ မိဘများနှင့်အတူ တစ်ခန်းထဲတွင် နေလေ့ရှိကြပါသည်။

အသက် ၆၅ နှစ်ထက်ကြီးသူများ၊ လက်ရှိတွင် အဆုတ်၊ နှလုံးရောဂါ၊ သွေးတိုး၊ ပန်းနာရင်ကြပ် နှင့် ဆီးချိုရောဂါရှိနေသူများသည် ကိုဗစ်-၁၉ ကြောင့် နေထိုင်မကောင်းဖြစ်နိုင်ချေ ပိုများပါသည်။ အိမ်တွင် ထိခိုက်လွယ်သူ တစ်ယောက်ရှိပါက အိမ်သားအားလုံးအနေဖြင့် နေထိုင်မကောင်းမဖြစ်ရန် ပိုမို သတိထားရမည် ဖြစ်ပါသည်။

ဤတွင် ကျန်းမာရေးနှင့် ညီညွှတ်စွာ အတူတကွ နေနိုင်မည့် နည်းလမ်းများကို ဖော်ပြထားပါသည်။

ကာကွယ်ဆေးထိုးထားပါ ထို့အပြင်/သို့မဟုတ် အားမြှင့်ကာကွယ်ဆေးထိုးထားပါ

အသက် 5 နှစ်အထက်ရှိသူတိုင်း ကိုဗစ် - 19 ကိုတွန်းလှန်၍ ကာကွယ်ဆေးထိုးရန် အကျုံးဝင်ပါသည်။ သင်ကိုယ်တိုင်နှင့် အခြားသူများ ဘေးအန္တရာယ်ကင်းရှင်းအောင်ထားရန် ကာကွယ်ဆေးထိုးထားဖို့ အလွန်အရေးကြီးပါသည်။ ကာကွယ်ဆေးများက ပြင်းထန်သော နာမကျန်းမှုနှင့် သေဆုံးခြင်းတို့ကို တွန်းလှန်ကာကွယ်မှု ကောင်းကောင်း ပေးအပ်ပါသည်။

အားမြှင့်ထိုးဆေးဆိုသည်မှာ ကာကွယ်ဆေးထိုးထားပြီးသည့် အရွယ်ရောက်ပြီးသူများအားလုံး ရေရှည်ခံသည့် အကာအကွယ်ရရှိရန်အတွက် တိုက်တွန်းအကြံပြုသည့် အပိုဆောင်းထိုးဆေးဖြစ်ပါသည်။ အချိန်ကာလ အတန်ကြာပြီးနောက် ကာကွယ်ဆေးအတော်များများသည် အားမြှင့်ထိုးဆေးများ လိုအပ်ပါသည်။ အားမြှင့်ထိုးဆေးများက သင့်အား အိုမီခရွန် (Omicron) ကဲ့သို့သော ကိုဗစ် - 19 မျိုးကွဲများမှ ကူညီကာကွယ်ပေးပါသည်။

နေ့စဥ်ပြုလုပ်ရမည့် အဆင့်များ

လက်ကို မကြာခဏ ဆပ်ပြာ နှင့် ရေတို့ဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ရေဆေးပါ။

  • အိမ်ပြန်ရောက်ချိန်၊ အစာမစားခင်၊ သန့်ရှင်းရေး ပြုလုပ်ပြီးချိန် နှင့် ရေချိုးခန်းအိမ်သာ အသုံးပြုပြီးချိန်တွင် လက်ကို မဖြစ်မနေ ဆေးပါ။
  • မိသားစုများသည် လက်ဆေးနေချိန်တွင် စက္ကန့် ၂၀ ကြာသော သီချင်းဆိုသည့် ကစားနည်းအဖြစ်ပြောင်းလဲ လုပ်ဆောင်နိုင်ပါသည်။

မဆေးကြောထားသော လက်ဖြင့် မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်များကို မထိပါနှင့်။

ချောင်းဆိုးလျှင် သို့မဟုတ် နှာချေလျှင် တစ်ရှူးကို အသုံးပြုပါ သို့မဟုတ် တံတောင်ဆစ်အတွင်းပိုင်းကို အသုံးပြုပါ။ အသုံးပြုပြီးသော တစ်ရှူးကို လွှင့်ပစ်ပါ၊ ထို့နောက် လက်ဆေးပါ။

မကြာခဏ ထိတွေ့လေ့ရှိသော မျက်နှာပြင်များဖြစ်သည့် စားပွဲ၊ ထိုင်ခုံ၊ တံခါးလက်ကိုင်၊ မီးခလုတ်များ၊ ရီမုတ်များ၊ ကစားစရာများ၊ အိမ်သာ နှင့် ရေဆေးကန်များကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။ ဖြစ်နိုင်ပါက တစ်ခါသုံး လက်အိတ်ကို အသုံးပြုပါ / သို့မဟုတ် မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ဆေးပါ။

အားလုံး၏ ကျန်းမာရေးအတွက် စီမံကိန်း ချမှတ်လုပ်ဆောင်ပါ။

  • သင်နေမကောင်းဖြစ်လျှင် ဘယ်လိုစောင့်ရှောက်မှုခံယူမည်ဆိုသည့် အစီအစဥ်ကို ပြုစုထားပါ။ သင့်အိမ်သားများအား သင့်အစီအစဥ်ကို ပြောပြထားပါ။ သင့်ဆရာ၀န် သို့မဟုတ် ဆေးခန်း ၏ အမည်နှင့် ဖုန်းနံပါတ်များကို ပြောပြထားပါ။ သင့်တွင်ရှိနေသော ပန်းနာရင်ကြပ် သို့မဟုတ် ဆီးချိုရောဂါများ ကဲ့သို့ ဆက်လက်ဖြစ်ပွားနေသောရောဂါများ နှင့် သောက်သုံးနေရသော ဆေးများကိုလည်း ပြောပြထားပါ။
  • သင့်မိသားစုထဲတွင် အုပ်ထိန်းမှု သို့မဟုတ် စောင့်ရှောက်ရန် လိုအပ်သူများကို စောင့်ရှောက်ပေးနိုင်မည့်သူကို ကြိုရှာထားပါ။
  • သင့်တွင် ပြင်းပြင်းထန်ထန် နေထိုင်မကောင်းမှု အန္တရယ် ပိုများစေနိုင်မည့် ဆက်လက်ခံစားနေရသော ရောဂါများ (ရောဂါအခံများ) ရှိပါက အိမ်တွင် ရက်သတ္တပတ်အနည်းငယ်ခန့်နေလို့ရသည်အထိ လိုအပ်သောဆေးဝါးများ နှင့် အထောက်အပံ့များကို ဆောင်ထားပါ။

young men making dinner together

တစ်ယောက်ယောက် နေမကောင်းဖြစ်ပါက

  • နေမကောင်းသည်သူအား သီးခြားနားနေရန် သတ်သတ်နေရာတစ်ခုကို ဖန်တီးပါ။
  •  ဖြစ်နိုင်ပါက နေမကောင်းသည့်သူအား ရေချိုးခန်းအိမ်သာ သီးခြားထားပါ။
  •  ရေချိုးခန်းအိမ်သာ တစ်ခုထဲရှိပါက နေမကောင်းသည့်သူ အသုံးပြုပြီးတိုင်း သန့်ရှင်းရေးကို မဖြစ်မနေ ပြုလုပ်ပါ။
  • မျက်နှာသုတ်ပါ၊ အိမ်ယာခင်း၊ အစားအစာ နှင့် နှာခေါင်းစည်း၊ ဇွန်းခက်ရင်းများကို မျှမသုံးပါနှင့်။
  • နေမကောင်းသည့်သူကို ပြုစုရန် ကျန်းမာသည့် သူတစ်ယောက်ကို ရွေးချယ်ပါ။
  • ပြုစုချိန်တွင် နှာခေါင်းစည်း ၀တ်ပါ။
  •  ဖြစ်နိုင်ပါက အတူနေသည့် အခြားသူများကို ကာကွယ်သည့်အနေဖြင့် နေမကောင်းသည့်သူသည် နှာခေါင်းစည်းကို ၀တ်ဆင်ထားသင့်ပါသည်။